တံခါးပိတ်ပြီး လက်ယပ်ခေါ်နေသော လွှတ်တော်


ရေးသူ- (ကို) မောင်မောင်ဝမ်း

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ကြားဖြတ်ရွေးကောက်ပွဲ
မှာ လွှတ်တော်ကိုယ်စားလှယ်တွေ အများစုအနိုင်ရရှိခဲ့တယ်
ဆိုတာ.. အားလုံးအသိဖြစ်ပါတယ်… သို့သော် လွှတ်တော်
တက်ခါနီးဆဲဆဲမှာ ကျမ်းသစ္စာကျိန်ဆိုခြင်း စာသားနဲ့ ပတ်သက်
လို့ အငြင်းပွားစရာ ကိစ္စကဖြစ်လာတယ်.. ဒီကိစ္စဟာ သာမန်
ကြည့်မယ်ဆို… အသေးဖွားလေးလိုလို…ကျော်လွှားသွားရင်ပဲ
ဖြစ်တော့ မရောင်ရောင် ပြောဆိုနေတဲ့ ခပ်ညံ့ညံ့ လွှတ်တော်
ကိုယ်စားလှယ်ဆိုသူများရဲ့အင်တာဗျူးများကိုလည်း နားထောင်
လိုက်ရပါတယ်….။


လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဦးခင်ရွှေ ကဆို….၂၀၀၈
ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ပါဝင်တဲ့ ကျမ်းသစ္စာ ကတိပြုချက်
(အင်္ဂလိပ်လို) ဟာနဲ့ တလွဲ ဒီမိုကရေစီဖွံ့ဖြိုးနေတဲ့... နိုင်ငံတွေက
…ကျမ်းသစ္စာ ကျိန်ဆိုချက်တွေကို မဆီမဆိုင် ကိုးကားပြီး
ပြောသွားလေရဲ့…ပြောသွားတော့လည်း အင်္ဂလိပ်လို တလွဲတွေ
ချည်းပဲ…သူပြောသွားတာက………
အမေရိကန်မှာ ဆိုရင် - I will support to defend of the constitution.
ဂျာမနီမှာ ဆိုရင် - Defend of the visit law.
ဂျပန်မှာ ဆိုရင် - I will protect of the defend of the national chatter.
ဂရိမှာလည်း ဒီတိုင်းပဲ...
အိန္ဒိယမှာ ဆိုရင် - Will to the best of the ability of the protect of the defend.
ဖိလစ်ပိုင်မှာ ဆိုရင် - Defend of the constitution.
စင်္ကာပူမှာ ဆိုရင် - l will preserve, protect of the defend of the
Constitution of the Republic of Singapore.

ဒီလိုမျိုးသစ္စာ ဆိုပြီးမှသာလျှင် လွှတ်တော်ထဲ ၀င်လို့ရတယ်...
ဒါကြောင့်မို့လို့ ဘယ်လိုပဲ ဖြစ်ဖြစ် ဟောင်း အဲ့ဘား ပြည်သူ
တစ်ယောက်နဲ့ နေမယ်ဆိုရင်တော့ ရီစပက် ဆိုတဲ့ စကားလုံးနဲ့
နေလို့ရတယ်။ လွှတ်တော်ထဲ ၀င်မယ်ဆိုရင်တော့ ဒီဖန့်ဆိုတဲ့
စကားလုံးနဲ့မှ ၀င်လို့ရတယ်။ DBV နဲ့ အင်တာဗျူးမှာ ဒေါက်တာ
ခင်ရွှေ ပြောသွားတဲ့ စကား အချို့ပါ။ မေးတာနဲ့ ဖြေတာ တလွှဲစီ
ဖြစ်ရတဲ့ အထဲ အဓိပ္ပါယ် မသိပဲ ရွတ်ပြသွားတာ တော်တော်ဆိုး
တယ်။ (facebook မှာ တယောက်တင်ထားတဲ့ ဟာပါ )

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ..ကျမ်းသစ္စာကျိန်ဆိုချက်မှာ..
အင်္ဂလိပ်လိုသူပြောသွားတဲ့အထဲက (defend) ကာကွယ်ပါမည်
ဆိုတာ တလုံးမှ မပါဘူး…. …ဒါက ၂၀၀၈ ဖွဲ့စည်းပုံထဲက
ကျမ်းကျိန်ချက်

SCHEDULE FOUR
Form of Oaths or Affirmation
(Refer to Section 125)
I ................ do solemnly and sincerely promise that as
an elected representative of the Pyithu Hluttaw/ the
Amyotha Hluttaw/ the Region or State Hluttaw, I will
uphold and abide by the Constitution of the Union.
I will be loyal to the Republic of the Union of Myanmar
and citizenry and hold always in esteem non-disintegration
of the Union, non-disintegration of national solidarity and
perpetuation of sovereignty. In addition, I will carry out the
responsibilities uprightly to the best of my ability.

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ထဲမ၀င်ပဲ ဆိုင်းငံ့နေမှု့သည်..
ဝေါဟာရပြသနာမဟုတ်ပါ ယုံကြည်ချက်ပြသနာဖြစ်သည်.. ဒီကိစ္စကို
ပေါ့ပေါ့သဘောထားမရပါ..။ အစိုးရဘက်က ပြဌာန်းထားသော ကျမ်း
သစ္စာဆိုချက်တွင်..အင်္ဂလိပ်လို..uphold ဆိုတာကို ရှင်းပြချင်ပါသည်..
အဓိပ္ပါယ်က.. (To maintain or affirm against opposition -
မဆန့်ကျင်ဘို့ အတည်ပြုရမည်၊ထိန်းသိမ်းပါမည် ၊ To prevent from
falling or sinking - ပျက်စီးမသွားအောင် တားဆီးပါမည် ) ......
စဉ်းစားကြည့်ပါ.... NLD ရွေးကောက်ပွဲမှာလူထုကို ကတိပေးထားတာ
က...၂၀၀၈ ဖွဲ့စည်းပုံပြင်မယ် ဆိုတာ...အဓိကမူ...ဒီကိစ္စကို လွယ်လွယ်
လေး ခပ်ပေါ့ပေါ့လုပ်လိုက်ရင်...လူထုကို ပေးထားတဲ့ ကတိဖျက်ရာ
မရောက်ဘူးလား... NLD လုပ်ရပ်မှန်တယ်....ဒီကိစ္စဟာ...လူထု
ဆန္ဒကို ရွေးကောက်ပွဲအပြီးမှာ ထပ်ဆင့်ဖော်ဆောင်တာ....။

အရပ်ထဲ ရွာထဲမှာ ပြောသလို ရမ်းတုတ် ရမ်းပြော ရမ်းလုပ်လို့ ရတဲ့
အရာမဟုတ်…အရေးကြီးပါတယ်..လွှတ်တော်ထဲမှာ ဖြေရှင်းတယ်
ဆိုတာ….တရားရုံးတရုံးမှာ ထုချေရသလိုဖြစ်ပါတယ်… အချက်
အလက်တွေ အထောက်အထားတွေ ယုတ္တိသဘောတရားတွေ
လက်ခံနိုင်မှု့တွေနဲ့ ပေါင်းစပ်ကြိုးစားရတဲ့ အမျိုးပါ…ကိုယ်ထင်တာ
မြင်တာတွေနဲ့ ရမ်းပြောလို့မရ။ ဥပမာပြောမယ်ဆိုရင်တောင်မှ…
ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်ဖြစ်တယ်။
(မင်းပြောမှလား ငါတို့ သိတယ်လို့ ခွန်းတုန့်မပြန်ပါနဲ့ဦး ) ဆက်ရှင်း
ပါမယ်…..အရင်ပြောနေတဲ့ လူထုခေါင်းဆောင်ဆိုတာ လူထုက
သတ်မှတ်ပေးထားတဲ့ ခေါင်းစဉ်….အခု လူထုခေါင်းဆောင်ဆိုတာ
ဥပဒေအရပါ..( Legally ) လူထုခေါင်းဆောင်ဖြစ်သွားတယ်….။

တခါ ( defend ) ကာကွယ်ပါမည် ဆိုတဲ့စကားလုံးသုံးရအောင်လည်း
…၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီ အင်္ဂါရပ်များနဲ့ ညီညွတ်
အောင် ဆောင်ရွက်ထားတဲ့ အရာမဟုတ်…ဒီစကားလုံးကို ဒီမိုကရေစီ
ဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံ ၊ လူ့အခွင့်ရေးဖွံ့ဖြိုးတဲ့ နိုင်ငံများမှာ ပြင်စရာ
မလိုလောက်တဲ့ အနေထားမို့ သုံးတာ….။ အမေရိကန်ပြည်ထောင်စုမှာ
ကိုယ်စားလှယ်တွေကို လူထုကရွေးချယ်တင်မြှောက်အပြီး…ကွန်ဂရက်
မစခင် ကျမ်းသစ္စာ ကျိန်ဆိုရပါတယ် (နိုင်ငံတော်တော်များများလည်း
ဒီအတိုင်းပါပဲ )…

A solemn affirmation or declaration, made with an appeal to
God for the truth of what is affirmed. The appeal to God in
an oath, implies that the person imprecates his vengeance
and renounces his favor if the declaration is false, or if the
declaration is a promise, the person invokes the vengeance
of God if he should fail to fulfill it. A false oath is called perjury.”

ဆိုလိုရင်းကို ဆီလျှော်အောင်တင်ပြပါမယ်….ကျမ်းသစ္စာ ကျိန်ဆိုတယ်ဆို
တာ အတည်ပြုပြဌာန်းထားချက်များသည် အမှန်များဖြစ်ပါသည် ဒီအတိုင်း
လိုက်နာပါမည် ဆိုတာကို ဘုရားသခင်ဆီ လျှောက်ထား ကတိပြုလိုက်
တာ….။ဒါတွေကို ကတိပြုပြီးရင် လိုက်နာရမည်..သို့မဟုတ်က..
(လူသားမဆိုထားဘိ ) ဘုရားသခင်ကတောင် ဒဏ်ခတ်မည်။ ကတိ
သစ္စာပြုပြီး..လိုက်နာရန်ပျက်ကွက်ခြင်းကို မုသားသက်သေခံခြင်း လို့
ခေါ်တယ်။

ဒီလိုကိစ္စမျိုးကို ပေါ့ပေါ့ဆဆ ကျော်လွှားသွားသင့်ပါသလား…..။ပြင်စရာ
မလိုလောက်အောင်နီးပါးရှိနေသော ဖွဲ့စည်းပုံအခြေခံဥပဒေအတွက်
အကြောင်းမဟုတ်လှပေမဲ့…ပြင်စရာ အများကြီးနဲ့ ပြည့်နှက်နေသော
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို…

-မောင်မောင်ဝမ်း

Comments

Popular posts from this blog

ထွက်ရပ်ပေါက်ဖို့

ဟင်းသီးဟင်းရွက်အခေါ်အဝေါ် များ

မြသန်းတင့် ခွေးကလေး