ထွက်ရပ်ပေါက်ဖို့

အရှင်ထွက် အသေထွက်

မသိသူတချို့အတွက်
နည်းနည်းလျှာရှည်ပါရစေ။
ဝိဇ္ဇာလမ်းမှာ
“အသက်ရှင်ရက်နဲ့ထွက်ရပ်ပေါက်ရင် အရှင်ထွက်
အသက်နဲ့ခန္ဓာအိုးစားကွဲပြီးမှ ထွက်ရပ်ပေါက်ရင်အသေထွက်”
လို့ ဆိုရိုးရှိပါတယ်။
ဒီကနေ့
ဒီစခန်း
ဒီလမ်းက
စလှမ်းကတည်းက
ထွက်ရပ်ပေါက်လမ်းဖြစ်လို့
စမ်းတ၀ါးဝါးဖြစ်စရာကို မလိုဘူး
ထွက်ကိုထွက်ရမှာ။
အရှင်ပဲထွက်ရထွက်ရ
အသေပဲထွက်ရထွက်ရ
ထွက်ရပ်ပေါက်ဖို့က လိုရင်းပဲ။  ။
ခင်အောင်အေး
၂၃၊ ဧပြီ၊ ၂၀၁၂ ၀ုဒ်လင်း၊ စင်္ကာပူ ၁၂း၁၀ နာရီ

Comments

Popular posts from this blog

ဟင်းသီးဟင်းရွက်အခေါ်အဝေါ် များ

မြသန်းတင့် ခွေးကလေး