ချမ်းစိမ့်တဲ့ ရာသီမှာ မုန့်ပာင်းခါး ပူပူလေး စားရအောင်

အိမ်အပြင်မှာ နှင်းလေးတွေ တဖွဲဖွဲ ကျလို့။ မြင်လေရာရာမှာ နှင်းဖြူဖြူတွေ ဖုံးလွှမ်းနေတဲ့ ခုလို ချမ်းစိမ့်စိမ့် ရာသီမှာ မုန့်ပာင်းခါး ပူပူလေး စားရရင် ကောင်းမယ်လို့ စိတ်ကူးရတာနဲ့ မုန့်ပာင်းခါး ချက်ဖို့ ပြင်ဆင်ရတာပေါ့နော်။

မနက် မုန့်ပာင်းခါး ချက်မယ်ဆို ညတည်းက ကုလားပဲကို ရေစိမ်ထားပါတယ်။ နောက် ပဲကို ဆား၊ နနွမ်းမှုန့်နဲ့ ပြုတ်ပြီး ချေထားပါတယ်။ ငါးခူ နှစ်ကောင်ကို မန်ကျည်းမှည့်နဲ့ တိုက်ပြီး ဆေးတယ်။ ပြီးတော့ ဆား၊ ငံပြာရည် ၊ နနွမ်း၊ ငရုတ်သီး ခွဲကြမ်းမှုန့်လေး နည်းနည်း၊ စပါးလင်နဲ့ ပြုတ်ပြီး အရိုးနွင် ထားပါတယ်။

ငါးဆီသတ်ဖို့ အတွက် ငရုတ်သီးနီခြောက် (ငရုတ်သီး အရောင်တင်မှုန့်)၊ ဂျင်း၊ စပါးလင်၊ ကြက်သွန်ဖြူ ထောင်းပြီး ငါးဆီသတ် ပါတယ်။ ဆန်အကျတ်မှုန့် တ၀က် ပဲချေတဲ့ထဲ ထည့်ပြီး ရေနွေးကို မုန့်ပာင်းခါး ပာင်းရည် ပမာဏပေါ် မူတည်ပြီး ထည့်ပါတယ်။ နောက် ဆန်မှုန့် ပျော်ရင် ငါးဆီသတ်ထားတာ ထည့်ပြီး ငံပြာရည်ထည့်။ ချခါနီး ကြက်သွန်နီဥ၊ ငှက်ပျောအူ ထည့်ပါတယ် (ဒီမှာတော့ ငှက်ပျောအူ ၀ယ်မရတာနဲ့ မထည့်ပါဘူး)။ ငရုတ်ကောင်းကို လှော်ပြီး ပာင်းရည်အိုးထဲထည့်၊ မြေပဲလေးကို ဖွဖွထောင်းထည့်၊ နောက် ကြက်ဥပြုတ် သာမက ကြက်ဥကို ခေါက်ပြီး ပာင်းရည် ပွက်ပွက်ဆူတဲ့ထဲ ထည့်လိုက်ပါသေးတယ်။ ဒါဆိုရင်တော့ သိပ်ကို မွှေးလှတဲ့ မုန့်ပာင်းခါး ပူပူလေး ရပြီပေါ့နော်။

ပဲကြော်လေးလည်း ကြော်ဦးမယ် ဆိုတော့ ည ပဲစိမ်တည်းက ပဲကြော် ကြော်ဖို့ပါ ရေစိမ်ပါတယ်။ rice cooker ထဲက ခွက်နဲ့ တစ်ခွက်ခွဲ လောက်ဆို ပဲကြော် တော်တော်များများ ရပါတယ်။ ရေမစိမ်ရင် အကြော် ကြော်တဲ့အခါ ပဲက အရမ်းမာပြီး ၀ါးရင် သွားတွေ ကျိုးကုန်ပါလိမ့်မယ်။

ဆန်မှုန့်နဲ့ ရေကို မျက်မှန်းနဲ့ ချင်ပြီး ထည့်ပါ။ (ဆန်မှုန့်က ပုံထဲမှာ ပြထားတဲ့ အထုတ်လေးပါ။ ညာဘက်ကနော်။ Rice Flour လို့ရေးထားတယ်။ ဗယ်ဘက်က ကောက်ညှင်းမှုန့်ပါ။ ပုံကို တီတီဆွိ ဘလော့ဂ်မှ ကူးယူ ဖေါ်ပြသည်)။ ဆန်မှုန့်ရေဖျော် ထဲကို ဆား၊ သကြား (သို့) အချိုမှုန့်၊ ဆနွမ်းမှုန့် ထည့်ပြီး ပဲလေးတွေ ထည့်ပြီးတဲ့ အခါ ဆီပူပူမှာ ကြော်လို့ ရပါပြီ။ အရမ်းကို လွယ်ပါတယ်။

မုန့်ဖတ်လေးထည့်၊ မုန့်ပာင်းခါးရည်ဆမ်း၊ ပဲကြော်၊ ကြက်ဥပြုတ်လေးနဲ့၊ နံနံပင်၊ ပဲသီးလေးတွေ ထည့်စားရင် သိပ်ကို အရသာ ရှိတဲ့ မြန်မာပြည် အလွမ်းပြေ မုန့်ပာင်းခါးလေး တစ်ပွဲ ရပြီပေါ့။ မုန့်ဖတ်သုပ်လေးလည်း ချဉ်ငန်စပ် သုပ်ထားတယ်။



ဒီနေ့တော့ မြန်မာ အစားအစာလေးတွေပဲ ကျွေးမယ်နော်။ အချိုပွဲက ဆန်မှုန့် ၊ ကောက်ညှင်းမှုန့်၊ ထညက်၊ အုန်းသီးခြစ် ရှိရင် လုပ်စားရတာ လွယ်ကူ မြန်ဆန်ပြီး အရသာ ရှိတဲ့ မုန့်လုံးရေပေါ်လေးပေါ့။ ကျွန်မ လုပ်ထားတာ မုန့်လုံးရေပေါ် အလုံး နည်းနည်း ကြီးသွားတယ်နော်။ ဘလော့ဂ်ကို အလည် ရောက်လာတဲ့ မိတ်ဆွေများ ရွှင်လန်း ချမ်းမြေ့ပါစေရှင်။


(ကျွန်မ ပာင်းအချက်အပြုတ် သိပ်မကျွမ်းကျင်ပါဘူးနော်။ ကျွန်မ ဒီဘလော့ဂ်မှာ ရေးထားတဲ့ ချက်ပြုတ်နည်းတွေက လိုအပ်တာတွေလည်း ရှိချင် ရှိမှာပါ။ မိတ်ဆွေများမှ အကြံဥာဏ် ပေးနိုင်ပါတယ်နော်။ အလည်ရောက်လာ သူများကို ကျေးဇူးတင်ပါတယ်)

Comments

Popular posts from this blog

ထွက်ရပ်ပေါက်ဖို့

ဟင်းသီးဟင်းရွက်အခေါ်အဝေါ် များ

မြသန်းတင့် ခွေးကလေး