အမြင့်ပျံ ငှက်များ

E-mail Print

အားနည်းချက်များစွာနဲ့ 
ငါတို့ ကိုမွေးဖွါးခဲ့
ဘ၀ရဲ့မွေးနေ့ လက်ဆောင်ဟာ
အနာဂတ် မွတ်သိပ်ခြင်းတွေလေ၊


အမေ့ရဲ့ သိုက်မြုံက
ယုံကြည်ချက် တောင်ပံတစုံနှင့်
အရုဏ်သစ်များ တည်ဆောက်ဖို့ 
နိုးကြားစွာ ရုန်းထခဲ့
ပင်လယ်ပြင်ရဲ့ အမြင့်ဆီ၊

ရာသီလေ
ကြေကွဲဘွယ် အရင်းအနှီး
အထီးကျန် ရပ်တည်မှု
ဒါတွေနဲ့ ထုဆစ်ပြီး
ဘ၀ရဲ့ သစ္စာတရားကို
ကျစ်လျစ်စွာဖွဲ့ ဆိုရင်း
ပြင်းထန်မှုများနဲ့ ယဉ်ပါး
မုသားရဲ့ အတွင်းစာမျက်နှာကို
ရှင်းလင်းစွာ နားလည်တတ်ခဲ့ပြီ၊

အမြင့်ကိုပျံရင်း
နာကျင်ခြင်းများနဲ့ ရစ်ဖွဲ့ 
ငါရဲ့တောင်ပံလည်းရင့်ကျက်ခဲ့၊

အခက်အခဲများကို ၀ါးမြိုရင်း
နုပျိုတဲ့ နှလုံးအိမ်လည်း
တည်ငြိမ်တဲ့ သွေးသစ်နှင့်
ဆင်ခြင်မှုပဲ့ကိုင် ဦးဏှောက်ကို
တည်ဆောက်ပြီးစီးခဲ့ပြီ၊

မွတ်သိပ်ခြင်း အနာဂတ်အတွက်
တက်ကြွသော တောင်ပံဖြင့်
လေဆန်ဖြတ်သန်း
ကြမ်းတမ်းမှုဖြင့်တည်ဆောက်
မြင့်မားသောဦးဏှောက်ကို ပိုင်ဆိုင်ပြီးသည့်အခါ
ဇာတိသိုက်မြုံ
မလုံခြုံသေးတဲ့ အိမ်ယာသို့ 
လိမ်မာသောငှက်များ
အင်အားအပြည့်နဲ့ 
ပြန်လာလေ့ရှိကြတယ်၊

ဘစောတင်

(၁၉၉၄ ခုနှစ်တွင် စာပေစိစစ်ရေးက ပယ်ချခြင်းခံခဲ့ရသည့် ကဗျာတစ်ပုဒ်ဖြစ်သည်။)

Comments

Popular posts from this blog

ထွက်ရပ်ပေါက်ဖို့

ဟင်းသီးဟင်းရွက်အခေါ်အဝေါ် များ

မြသန်းတင့် ခွေးကလေး