Panorama view of Hakha,
ထွက်ရပ်ပေါက်ဖို့
အရှင်ထွက် အသေထွက် မသိသူတချို့အတွက် နည်းနည်းလျှာရှည်ပါရစေ။ ၀ိဇ္ဇာလမ်းမှာ “အသက်ရှင်ရက်နဲ့ထွက်ရပ်ပေါက်ရင် အရှင်ထွက် အသက်နဲ့ခန္ဓာအိုးစားကွဲပြီးမှ ထွက်ရပ်ပေါက်ရင်အသေထွက်” လို့ ဆိုရိုးရှိပါတယ်။ ဒီကနေ့ ဒီစခန်း ဒီလမ်းက စလှမ်းကတည်းက ထွက်ရပ်ပေါက်လမ်းဖြစ်လို့ စမ်းတ၀ါးဝါးဖြစ်စရာကို မလိုဘူး ထွက်ကိုထွက်ရမှာ။ အရှင်ပဲထွက်ရထွက်ရ အသေပဲထွက်ရထွက်ရ ထွက်ရပ်ပေါက်ဖို့က လိုရင်းပဲ။ ။ ခင်အောင်အေး ၂၃၊ ဧပြီ၊ ၂၀၁၂ ၀ုဒ်လင်း၊ စင်္ကာပူ ၁၂း၁၀ နာရီ
Comments
Post a Comment