

သက္ကရစ် ၂၀၁၁ခုနှစ် ဖေဖော်ဝါရီလ (၂၀)ရက်နေ့ ကျရောက်သော (၆၃)နှစ်မြောက် ချင်အမျိုးသားနေ့အခမ်းအနား၊ဒေလီတွင် သဘာပတိ ဆလိုင်းကီးလဲအောမ်း ပြောကြားသော မိန့်ခွန်း
အိမ်ရှင်၊ ဧည့်သည် သဘာပတိကြီးများ အမှူးပြုပြီး ဒီကနေ့ ၆၃ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ကြွရောက်လာ ကြတဲ့ ချင်းအမျိုးသားများနဲ့ ညီအစ်ကို တိုင်းရင်းသားလူမျိုး အပေါင်းတို့ခင်ဗျား -
ချင်းအမျိုးသားနေ့နဲ့ ချင်းအမျိုးသားဖခင် ဦးဝမ္မသူးမောင်းနဲ့တကွ အမျိုသားခေါင်းဆောင်အပေါင်းကို ဂါရ၀ပြု ဦးထိပ်ထားပြီး ကြွရောက်လာကြတဲ့ ပရိသတ်အပေါင်းကို ကြိုဆိုနှုတ်ခွန်းဆက်သကြောင်း ပဏာမ ပြောကြား လိုပါတယ်၊ ချင်းအမျိုးသားဆိုတာ ချင်းအမျိုးသားလို့ ခံယူတဲ့လူ ဖြစ်ပါတယ်။ ခံယူသည်ဖြစ်စေ၊ မခံယူသည်ဖြစ်စေ ချင်းလူမျိုးကတော့ ချင်းလူမျိုး ဖြစ်ပါတယ်။ ဒီကနေ့ဟာ အဲဒီချင်းလူမျိုးအားလုံးရဲ့ အမျိုးသားနေ့ ဖြစ်ပါတယ်၊ ချင်းအမျိုးသားနေ့ပေါ်ပေါက်လာပုံ အကျဉ်းချုပ်ကိုတော့ စာတန်းတွေ ဖတ်ကြား ကြတဲ့အတွက် သိရှိကြပြီးဖြစ်တယ်လို့ ယူဆပါတယ်။ အမျိုးသားနေ့ ဘာဖြစ်လို့ထားရှိရသလဲဆိုရင် အမျိုးသားတစ်ရပ်အဖြစ်တည်ရှိနြေေ
ကျနော်တို့ရဲ့ခေါင်းဆောင်ကြီးမျ
၂၀၀၈ မေလမှာ အာဏရှင်စစ်အစိုးရက သူ့ရဲ့ ဖွဲ့စည်းပုံဥပဒေကို အတည်ပြုလိုက်နိုင်တာနဲ့ ကျနော်တို့ရဲ့ တော်လန်ရေးဟာ တကြိမ်ကျဆုံးသွားပြန်ပြီဆိုတာ အားလုံးသိတယ်၊ ဒီတော့ တော်လှန်ရေးကို အသစ်ပြန်စမယ်။ ဒါဟာလျှို့ဝှက်စရာ မဟုတ်ဘူး။ အာဏာရှင်ကို တော်လှန် ဖြုတ်ချရမဲ့ နည်းလမ်းဟာ ပြည်ထောင်စု နည်းလမ်းပါဘဲ။ ချင်းကောင်စီ၊ ချင်းတပ်မတော်။ ကချင်ကောင်စီ၊ ကချင်တပ်မတော်။ ရှမ်းကောင်စီ၊ ရှမ်းတပ်မတော်။ ကရင်ကောင်စီ၊ ကရင်တပ်မတော်။ ကယားကောင်စီ၊ ကယားတပ်မတော်။ မွန်ကောင်စီ၊ မွန်တပ်မတော်။ ရခိုင်ကောင်စီ၊ ရခိုင်တပ်မတော်။ ဗမာကောင်စီ၊ ဗမာတပ်မတော် ထွက်လာပါ။ ကောင်စီများကို ပြည်ထောင်စုကောင်စီ၊ တပ်မတော်များကို ပြည်ထောင်စုတပ်မတော်အဖြစ် ပူးပေါင်းမယ်။ ကောင်စီများက အုပ်ချုပ်ရေးကို ကိုယ်စီတာဝန်ယူပြီး ကိုယ့်တပ်မတော်အသီးသီးကို ကွပ်ကဲပါ။ စစ်ရေးနဲ့ ပါတ်သက်လာရင် ပြည်ထောင်စုတပ်မတော်တခုလုံး တသွေးတသံတမိန့် ဖြစ်ပါစေ။ ကိုယ်နယ်မြေအသီးသီးကို ကိုယ်စီ ပြန်လည် သိမ်းပိုက်ရမယ်။ ပြည်ထောင်စုတခုလုံး တစ်နှစ်သုံး ပြိုင်တူ ဖြစ်ရမယ်။ တော်လှန်ရေး မပြီးခင်မှာ ပါတီ၊ အဖွဲ့အစည်း၊ လူတန်းစားအလွှာ ပါမလာရ။ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ အရင်းရှင် မည်သည့်ဝါဒစွဲမျှ ပါမလာရ။ ဗုဒ္ဓ၊ ခရစ်။ ဟိန္ဒူ၊ မူဆလင် မည်သည့်တယူသန်အယူစွဲမျှ ပါမလာရ။ ရန်သူဆီကို လက်နက်ချ၊ အပစ်ရပ်၊ အပေးအယူ၊ စေ့စပ်ဆွေနွေးလုပ်မဲ့လူ မလာရ။ ဌာနချုပ်ကို မည်သည့် NGO, Media မျှ ခေါ်မလာရ။ ဒီကနေ့စတင်ပါ။ ကျနော်ပြောတဲ့အတိုင်း ဒီကနေ့ စုစည်းနိုင်ရင် ဒီကနေ့အောင်မြင်တယ်။ အာဏာရှင်ကို အပြီးဖြုတ်ဘို့ နောက်ဆုံးရက်က ၁၁ရက် ၁၁လ ၁၁ခုနှစ် ဖြစ်ရမယ်။ ၁၁ရက် ၁၁လ ၁၁ခုနှစ်နဲ့ ၁၂ရက် ၁၂လ ၁၂ခုနှစ်အတွင်း ပြည်ထောင်စု ယန္တယားအပြည့်လည်ပတ်ပြီးသား၊ အာဏာရှင်အနံ့အသက်ကင်းစင်ပြီးသား ဖြစ်ရမယ်။
ချင်းအနေနဲ့ ကျနော်တို့ဟာ ချင်းတိုင်းရင်းသားလူမျိုးမျာြး
အိန္ဒိယအရှေ့မြောက်ဒေသနေ ချင်းအမျိုးသားညီအစ်ကိုများ၊ ဘင်္ဂလာဒေ့ရှ် စစ်တကောင်းတောင်တန်း နေ ချင်အမျိုးသားညီအစ်ကိုများကိုလဲ ပန်ကြားလိုပါတယ်။ အရေးကြီးရင် သွေးနီးရပါမယ်။ နှစ်ပေါင်း ဒီလောက် ကြာငြောင်းလာတဲ့အထိ နှိပ်စက်မင်းမူနေတဲ့ အာဏာရှင်လက်အောက်ကနေ လွတ်မြောက် ရေးလောက် အရေးကြီးတာ ဘာရှိမလဲ။ ဒီအချိန်မှလာမကူရင် ဘာလဲကွ ညီအစ်ကို။ ကူကီးခေါ် ထာဒိုခေါင်ဆိုင် ချင်းတိုင်းရင်းသား ကောင်စီနဲ့တပ်ဖွဲ့၊ မီဇိုးခေါ် မှာလ် လူရှေကောင်စီနဲ့တပ်ဖွဲ့၊ မေသေးခေါ် ကသည်းချင်း တိုင်ရင်းသားကောင်စီနဲ့ တပ်ဖွဲ့၊ စက္ကမာခေါ် သက်ချင်းတိုင်းရင်းသား ကောင်စီနဲ့တပ်ဖွဲ စသဖြင့် စသဖြင့် ထွက်လာပါ။ ချင်းတိုင်းရင်းသားလူမျိုးများ ကောင်စီနဲ့ တပ်မတော်မှာ လာရောက်စုစည်းကြပါ။ တော်လှန်ရေး အောင်မြင်လို့ရှိရင် ဘယ်ညီအစ်ကိုအတွက်မှ အကျိုးမဲ့ မဖြစ်ရဘူး။ ကျနော်တို့ရဲ့ ရေ၊ မြေ၊ တောတောင်သဘာဝ၊ ရာသီဥတုဟာ အလွန်တရာ တန်ဘိုးရှိပါ တယ်။ အားလုံးဟာ အကျိုးတူပူးပေါင်း ခံစားခြင်း ဖြစ်ရမှာပါ။
ချင်းအမျိုးသားများနဲ့ တိုင်းရင်းသားလူမျိုးအပေါင်းတို
ဆလိုင်းကီးလဲအောမ်း
Comments
Post a Comment