Posts
Showing posts from January, 2012
- Get link
- X
- Other Apps
ချမ်းစိမ့်တဲ့ ရာသီမှာ မုန့်ပာင်းခါး ပူပူလေး စားရအောင် အိမ်အပြင်မှာ နှင်းလေးတွေ တဖွဲဖွဲ ကျလို့။ မြင်လေရာရာမှာ နှင်းဖြူဖြူတွေ ဖုံးလွှမ်းနေတဲ့ ခုလို ချမ်းစိမ့်စိမ့် ရာသီမှာ မုန့်ပာင်းခါး ပူပူလေး စားရရင် ကောင်းမယ်လို့ စိတ်ကူးရတာနဲ့ မုန့်ပာင်းခါး ချက်ဖို့ ပြင်ဆင်ရတာပေါ့နော်။ မနက် မုန့်ပာင်းခါး ချက်မယ်ဆို ညတည်းက ကုလားပဲကို ရေစိမ်ထားပါတယ်။ နောက် ပဲကို ဆား၊ နနွမ်းမှုန့်နဲ့ ပြုတ်ပြီး ချေထားပါတယ်။ ငါးခူ နှစ်ကောင်ကို မန်ကျည်းမှည့်နဲ့ တိုက်ပြီး ဆေးတယ်။ ပြီးတော့ ဆား၊ ငံပြာရည် ၊ နနွမ်း၊ ငရုတ်သီး ခွဲကြမ်းမှုန့်လေး နည်းနည်း၊ စပါးလင်နဲ့ ပြုတ်ပြီး အရိုးနွင် ထားပါတယ်။ ငါးဆီသတ်ဖို့ အတွက် ငရုတ်သီးနီခြောက် (ငရုတ်သီး အရောင်တင်မှုန့်)၊ ဂျင်း၊ စပါးလင်၊ ကြက်သွန်ဖြူ ထောင်းပြီး ငါးဆီသတ် ပါတယ်။ ဆန်အကျတ်မှုန့် တ၀က် ပဲချေတဲ့ထဲ ထည့်ပြီး ရေနွေးကို မုန့်ပာင်းခါး ပာင်းရည် ပမာဏပေါ် မူတည်ပြီး ထည့်ပါတယ်။ နောက် ဆန်မှုန့် ပျော်ရင် ငါးဆီသတ်ထားတာ ထည့်ပြီး ငံပြာရည်ထည့်။ ချခါနီး ကြက်သွန်နီဥ၊ ငှက်ပျောအူ ထည့်ပါတယ် (ဒီမှာတော့ ငှက်ပျောအူ ၀ယ်မရတာနဲ့ မထည့်ပါဘူး)။ ငရုတ်ကောင်းကို လှော်ပြီး ပာင်းရည်အိုးထဲထည့်၊ မြေပဲ...