Posts

Image
Facebook ရဲ့ ( hiddenfeature ) (23) မျိုး ~~~~~~ 💞 ~~~~~~ 💞 ~~~~~~ Facebook ကိုသူများတွေထက် ဆရာကျကျသုံးနိုင်အောင်လို့ ဒီ post ထဲကအချက်အလက်တွေကို သေချာဖတ်ကြည့်ပြီး အသုံးချနိုင်ပါတယ်။ 💥 ``နောင်အခါပြန်လည်ရှာဖွေရ လွယ်ကူအောင် ဒီ post ကို သင့် wall ပေါ်မှာ share လုပ်ပြီး သိမ်းထားလိုက်ပါ ´´ 💥 Facebook ဟာ အကျိုးအရှိဆုံး public-facing website တွေထဲကတစ်ခုဖြစ်လာဖို့ standalone software application ပေါင်းများစွာနဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။ ဒါ့အပြင် လူတွေ သိပ်မသိသေးတဲ့ Facebook ကို အသုံးချနည်းတွေလည်း အများအပြားရှိနေပါသေးတယ်။ (1) ရှိလို့ရှိမှန်းတောင် သတိမထားမိတတ်တဲ့ inbox Message box ထဲက 'Message Requests' folder ပါ။ ဒီနေရာမှာ သင်နဲ့ Facebook friend မဟုတ်သူတွေက ပို့တဲ့ message တွေရှိပါတယ်။ ဒီ Message တွေကို ဖတ်ချင်ရင် home screen ရဲ့ ထိပ်ဆုံးက 'messages' icon ကို ရွေးပါ။ ပထမဦးဆုံး မကြာသေးခင်က ပြောထားတဲ့ သင့်ရဲ့ conversation တွေကို မြင်ရမှာပါ။ အဲဒါရဲ့ ညာဖက်မှာ 'Message Requests' ကို တွေ့မြင်ရမှာပါ။ ဒါကို နှိပ်လိုက်ရင်တော့ 'see filtered requests' ဆိုတဲ...
ကြိုက်လွန်းလို့ လိုအပ်တယ်လဲထင်လို့ ဟားဗတ် တက္ကသိုလ်စာကြည့်တိုက် နံရံတွင် ကပ်ထားသော ဟားဗတ်ကျောင်းသားများ အတွက်ဆုံးမစာအချက် - ၂၀ ၁။သင်အခုငိုက်နေလျှင် သင် အိပ်မက် မက်လိမ့်မယ်။ သင်အခုကြိုးစားနေလျှင်သင့်အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်လိမ့်မယ်။ ၂။သင်လစ်လျူရှုခဲ့သော ယနေ့ သည် မနေ့ ကနောက်ရက်တွင် ပျက်စီးလိုသောသူ၏ ဆုတောင်းဖြစ်သည်။ ၃။အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံးအချိန်ဖြစ်သည်။ ၄။ယနေ့ အလုပ် ကို နောက်နေ့ အထိအချိန်မဆွဲပါနှင့်။ ၅။စာကြိုးစားချိန်ပင်ပန်းတာဟာခဏပါ။မကြိုးစားလို့  ပင်ပန်းမှာက ဘဝတစ်သက်တာပါ။ ၆။သင်ယူဖို့ အချိန်မရှိဘူးဆိုတာဘယ်တော့မှမရှိဘူး။ တကယ်ကသင်ယူဖို့ ကြိုးစားအားထုတ်မှုမရှိတာပါ။ ၇။စိတ်ချမ်းသာမှု မှာအဆင့်သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မယ်။ဒါမေမယ့်အောင်မြင်မှုမှာတော့ အဆင့်သတ်မှတ်ချက်အမြဲရှိတယ်။ ၈။သင်ယူမှု ဟာ လူ့ ဘဝတစ်ခုလုံးမဟုတ်ဘူး လူ့ ဘဝရဲ့ အစပဲရှိသေးတယ်။ ၉။သူများထက်စောစောကြိုးစားမှ အောင်မြင်မှု အရသာကို သူများထက်စောစောခံစားရမှာဖြစ်တယ်။ ၁၀။ဘယ်သူမှလွယ်လွယ်ကူကူ မအောင်မြင်နိုင်ဘူး။ အောင်မြင်မှု ဆိုတာ ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်မှုနဲ့  ဇွဲလုံ့ လတို့ က...
" Wenn ihr die Augen nich braucht,   um zu sehen, werdet ihr sie brauchen,   um zu weinen."                              Jean - Paul Sartre (1905-1980)
Image
မိုးခါးရေအောက် ကျပျောက်သွားသော တောင်ဇလပ်လေးများ (၁) မြေပြန့်လွင်ပြင်မှ တောင်တန်းများပေါ်သို့ တက်လိုက်သည်နှင့် တစ်ပြိုင်နက် အေးမြလှသည့် လေပြည်အေးနှင့်အတူ မိုးစက်မိုးပေါက်တို့၏ ပွေ့ဖက်ဆီးကြိုမှုကို စတင်ခံစားလိုက်ရသည်။ အခြားသော တောင်ပေါ်ဒေသများနှင့်မတူ တောင်ပေါ်မြေပြန့်ဟူ၍ မည်သည့်နေရာမျှ မရှိ၊ ကြည့်လေရာနေရာတိုင်းသည် မြင့်မားမတ်စောက်လှသည့် တောင်တန်းကြီးများက ဆီးကြိုကာဆီးထားသည်။ တရွေ့ရွေ့ ဖြတ်သန်းသွားနေရသည့် တောင်ပေါ်လမ်းကလေး၏ တစ်ဖက်တစ်ချက်တွင် နက်ရှိုင်းလွန်းသည့် ချောက်ကမ်းပါးကြီးများက အောက်ခြေသို့ပင် မြင်ရနိုင်ရန် မလွယ်ကူ။ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်းထောင်ကျော်သို့ ရောက်ရှိချိန်ဝယ် တောင်မြူခိုးနှင့် မိုးစက်ပွင့်တို့ ထွေးရောယှက်တင် ဖြစ်နေပြီး ရှေ့ဆီမှ တောင်ပေါ်လမ်းလေးနှင့် မြင်ကွင်းများက ဆေးသားမပီပြင်တော့သည့် ပန်းချီကားတစ်ချပ်အား စူးစိုက်ကြည့်နေရသည့် အလားနှယ်…။ ၀သန်ကာလ မိုးဥတုဖြစ်သည်နှင့်အညီ တောတန်းစိမ်းစိမ်း တောင်တန်းစိမ်းစိမ်းတို့ဖြင့် တောင်ပေါ်ရာသီဥတုသည် မိုးရေစက်များအောက်ဝယ် စိုပြည်စိမ်းလန်းနေ၏။ တောင်ပေါ်ဒေသများအတိုင်း ဥတုရာသီအလိုက် သုံးရာသီ အလှတရားတို့ဖြင့် ပြည...

Swiss Unau X'mas 2013

Image
Wers glaubt, ist selig ihr fragt wie ist die auferstehung der toten? ich weiss es nicht ihr fragt wann ist die auferstehung der toten? ich weiss es nicht ihr fragt gibts eine auferstehung der toten? ich weiss es nicht ihr fragt gibts keine auferstehung der toten? ich weiss es nicht ich weiss nur wonach ihr nicht fragt: die auferstehung derer, die leben ich weiss nur wozu Er uns ruft: zur auferstehung heute und jetzt KURT MARTI, Leichenreden Neuwied und Berlin 1969,S.25 Whosoever believes , is blessed you ask how is the resurrection of the dead ? i dont know you ask when is the resurrection of the dead ? i dont know you ask there a resurrection of the dead ? i dont know you ask there no resurrection of the dead ? i dont know i know the only what do not you ask : the resurrection of those who live i know the only which He calls us : the resurrection here and now KURT MARTI , funeral orations Neuwied and Berlin, 1969 , p.25
Image
အသံတိတ် တိုင်းပြည်ထဲမှာ" အသံတိတ် တိုင်းပြည်ထဲမှာ တဦးတယောက်ကများ ချောင်းနားထောင်နေရင်ဘဲ ဆက်မပြောရဲကြတော့ဘူးလေ။ သတင်းပေးဆိုသူတွေက လျှို့ဝှက်ချက်တွေကို ရောင်းစားကြတယ်လေ။ ပြည်သူတွေရဲ့ အသက်သွေးတွေကို ဖောက်သောက်နေကြတာလေ။ မင်းဆိုးမင်းယုတ်တွေ မကြိုက်တာဆို ဘယ်သူကမှ မပြောရဲကြဘူးလေ။ အသံတိတ် ဗမာပြည်ထဲမှာ ရယ်မောနေသူတွေ လည်းမရှိကြဘူး၊ ထုတ်ပြောနေသူတွေ လည်းမရှိကြဘူး။ အသံတိတ် ဗမာပြည်ထဲမှာ လူထုတွေရဲ့ တိတ်ဆိတ်မှုတွေကြား အဲဒီ အမှန်တရား ကို ကြားသိနိုင်တယ်လေ။ အသံတိတ် တိုင်းပြည်ထဲမှာ မတရားဖမ်းဆီးဖို့ လာနေတဲ့ စစ်သားတွေ ကိုမြင်နေတာတောင် ဘယ်သူကမှ မပြောရဲကြဘူးလေ။ တရုတ်တွေက လမ်းမကြီးကို လိုချင်နေကြတယ်။ ပြင်သစ်တွေက ရေနံကို လိုချင်နေကြတယ်။ ထိုင်းတွေက သစ်ကို လိုချင်နေကြတယ်။ နဝတကတော့ အရာရာကို ဖျက်စီးနေကြတယ်။ အသံတိတ် တိုင်းပြည်ထဲမှာ အသံတိတ် တိုင်းပြည်ထဲမှာ ဘာသံမှကြားရမယ် မဟုတ်ဘူး လူသတ်သမားတွေက နှုတ်ပိတ်ထားလို့လေ။ အကြောက်တရားတွေက ဖုံးပိတ်ထားလို့လေ။ အင်အားသုံးပြီး ဖိနှိပ်ထားပါစေ၊ မုသားဝါဒီတွေ မတုပနိုင်တဲ့၊ ဖျောက်ဖျက် ဖုံးဖိမထားနိုင်တဲ့ အသံတသံ ကတော့ရှင်သန်နေမှာ ”လွတ်လပ်ခြင်း” တဲ့။ ။ ...