Posts

Showing posts from June, 2017
ကြိုက်လွန်းလို့ လိုအပ်တယ်လဲထင်လို့ ဟားဗတ် တက္ကသိုလ်စာကြည့်တိုက် နံရံတွင် ကပ်ထားသော ဟားဗတ်ကျောင်းသားများ အတွက်ဆုံးမစာအချက် - ၂၀ ၁။သင်အခုငိုက်နေလျှင် သင် အိပ်မက် မက်လိမ့်မယ်။ သင်အခုကြိုးစားနေလျှင်သင့်အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်လိမ့်မယ်။ ၂။သင်လစ်လျူရှုခဲ့သော ယနေ့ သည် မနေ့ ကနောက်ရက်တွင် ပျက်စီးလိုသောသူ၏ ဆုတောင်းဖြစ်သည်။ ၃။အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံးအချိန်ဖြစ်သည်။ ၄။ယနေ့ အလုပ် ကို နောက်နေ့ အထိအချိန်မဆွဲပါနှင့်။ ၅။စာကြိုးစားချိန်ပင်ပန်းတာဟာခဏပါ။မကြိုးစားလို့  ပင်ပန်းမှာက ဘဝတစ်သက်တာပါ။ ၆။သင်ယူဖို့ အချိန်မရှိဘူးဆိုတာဘယ်တော့မှမရှိဘူး။ တကယ်ကသင်ယူဖို့ ကြိုးစားအားထုတ်မှုမရှိတာပါ။ ၇။စိတ်ချမ်းသာမှု မှာအဆင့်သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မယ်။ဒါမေမယ့်အောင်မြင်မှုမှာတော့ အဆင့်သတ်မှတ်ချက်အမြဲရှိတယ်။ ၈။သင်ယူမှု ဟာ လူ့ ဘဝတစ်ခုလုံးမဟုတ်ဘူး လူ့ ဘဝရဲ့ အစပဲရှိသေးတယ်။ ၉။သူများထက်စောစောကြိုးစားမှ အောင်မြင်မှု အရသာကို သူများထက်စောစောခံစားရမှာဖြစ်တယ်။ ၁၀။ဘယ်သူမှလွယ်လွယ်ကူကူ မအောင်မြင်နိုင်ဘူး။ အောင်မြင်မှု ဆိုတာ ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်မှုနဲ့  ဇွဲလုံ့ လတို့ က