Posts

Showing posts from January, 2013

2013

Image

Zaanhmuipaar

Image

ကျွန်တော် သဘောမတူပါ ခင်ဗျား ( ဇော်ဇော်အောင် )

-  ဒီမိုကရေစီဟာ အယူအဆတွေ ယုံကြည်ချက်တွေကို အမြဲဖွင့်ပေးထားတယ်။ အထူးသဖြင့် သဘောကွဲကြတာတွေ မတူကြတာတွေကို ဖွင့်ပေးထားတယ်။ ကားလ်ပေါ့ပ်ပါး (Karl Popper နဲ့ ‘Encouner’ မဂ္ဂဇင်း၊ မေလ ၁၉၇၂ အင်တာဗျူး စာ ၁၃-၁၈) လူတိုင်းမှာ လွတ်လပ်စွာထင်မြင်ယူဆခွင့်နှင့် ထိုထင်မြင်ယူဆချက်ကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၉ ကျွန်တော်တို့မှာ အခွင့်အရေးတွေရှိတယ်။ အဲဒီအခွင့်အရေးတွေဟာ လက်ရှိအစိုးရနဲ့ အမှီအခိုကင်းတယ်၊ အစိုးရက သိမ်းယူလို့လည်း မရဘူး။ အဲဒီအခွင့်အရေးတွေဟာ ဒီမိုကရေစီရဲ့ အုတ်မြစ်တွေ ဖြစ်တယ်။ ဘာတွေလဲဆိုတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ စူးစမ်းခွင့်၊ လွတ်လပ်စွာ အသင်းအပင်းဖွဲ့ခွင့်၊ လွတ်လပ်စွာ အချင်းချင်း ဆက်သွယ်ခွင့် ---။ ဒေးဗစ်ဘီသမ် ‘ဒီမိုကရေစီ’ (David Beetham, ‘Democracy’,One world, Oxford,2005, စာ ၁၂-၁၃) ၁။ First Weekly သတင်း ဂျာနယ် (Vol2,No 58,14 ဒီဇင်ဘာ ၂၀၁၂) စာမျက်နှာ (၁၂) မှာ First သတင်းအဖွဲ့က တင်ပြထားတဲ့ သတင်းတစ်ပုဒ် ပါလာပါတယ်။ သတင်းခေါင်းစဉ်က ယနေ့အချိန်သည် ခေတ်ပြောင်း တော်လှန်ရေးကာလ တိုင်းပြည်ကို ညီညွတ်စွာြ