Posts

Showing posts from June, 2011

lotto

Image
ဂျာမနီ ထီ •Wednesday, March 24, 2010 ဂျာမနီမှာ ထီ တစ်ခါလောက် ပေါက်ဖူးချင်တယ်ဗျာ။ ယူရို ၅ သန်း (မြန်မာငွေ ကျပ် သန်း ၇၅၀၀) လောက်သာ ရမယ်ဆိုရင်တော့ ဒီဘဝ ဘာမှကို မလုပ်တော့ဘူး။ ရတာလေး ဆွတ်ဇာလန်ဘဏ်မှာ တစ်ဝက်အပ်ထားပြီး ကျန်တဲ့ တစ်ဝက်ကို မြန်မာပြည်မှာ ပရဟိတ လုပ်ငန်းတွေ လုပ်ရင်း ဘဝကို ဇိမ်နဲ့ နေလိုက်ချင်တယ်။ ဒါနဲ့ ၅ ယူရို (၇၅၀၀ ကျပ်) ပေးပြီး မနေ့က ထီထိုးလိုက်ပါတယ်။ ထီ ၃ ကွက်ထိုးရင် ၂ ယူရိုခွဲ ပေးရပါတယ်။ ဂျာမနီက 6 aus 49 ဆိုတဲ့ ထီအကြောင်းလေး ပြောပြချင်လို့ ဒီ Post ကို ရေးလိုက်တာပါ။ 6 aus 49 ဆိုတာက ဂဏန်း ၄၉ လုံးမှာ ၆ လုံးတူရင် ထီပေါက်ပြီလို့ ပြောချင်တာပါ။ မြန်မာပြည်မှာဆို ၃ လုံးတို့ ၂ လုံးတို့လိုပေါ့လေ။ သူက ကိုယ်ကြိုက်တဲ့ ဂဏန်းကို ကိုယ်တိုင် ရွေးချယ်ခွင့်ရှိပါတယ်။ ၁ ကနေ ၄၉ ထိ ရှိတဲ့ ဂဏန်းတွေထဲက ကိုယ်ကြိုက်ရာ ဂဏန်း ၆ လုံးကို ပေးထားတဲ့ စာရွက်လေးပေါ်မှာ ကြက်ခြေလိုက်ခတ်ရပါတယ်။ အောက်မှာ ထီထိုးတဲ့အခါ ကြက်ခြေခတ်ရတဲ့ စာရွက်လေးကို ဖော်ပြထားပါတယ်။ ထီတစ်ခါ ထိုးရင် ပေးထားတဲ့ စာရွက်လေးမှာ ၁ ကွက်ကနေ ၁၂ ကွက်ထိ ကိုယ်နှစ်သက်ရာ နှစ်သက်သလို ထိုးခွင့်ရှိပါတယ်။ တစ်ကွက်မှာပါတဲ့ ဂဏန်း ၄၉ လုံးထဲက