Sai Htee Hseng
စိုင်းထီးဆိုင် By laisaitai – November 9, 2010 Posted in: ထင်ပေါ်ကျော်ကြား ရှမ်းအမျိုးသား သူ့ကို ပရိသတ်တွေက `ရွှေဥသြ`လို့ ခေါ်ကြတယ်။ မန္တလေးရောက် ရှမ်းတစ်ယောက် သီချင်းကနေ နိုင်ငံကျော် အဆိုတော် ဖြစ်သွားတဲ့ စိုင်းထီးဆိုင် ရဲ့ လျှောက်လှမ်းခဲ့တဲ့ သူ့ရဲ့ အနုပညာခြေလှမ်းများကို ပြန်ပြီး ကောက်ကြောင်းဆွဲကာ ဖတ်ကြည့်ရအောင် . . . စိုင်းထီးဆိုင် (ရှမ်းအနုပညာရှင် ထူးချွန်ဆုရ) ဆွဲအားကောင်းသူ သုံးဦး လောကမှာ ပရိသတ်ကို အဆွဲဆောင်နိုင်ဆုံးသူ သုံးဦးကတော့- (၁) ဘာသာရေးခေါင်းဆောင်၊ (၂) စစ်ခေါင်းဆောင် (၃) အနုပညာရှင် တို့ဖြစ်တယ်။ ဘာသာရေးခေါင်းဆောင် စစ်ခေါင်းဆောင် ဒီနှစ်ယောက်ဟာ ဘယ်ကိုသွားသွား သူတို့ အနီးအနားမှာ လူတွေရုန်းရုန်းနဲ့ ဝန်းရံနေသလို နာမည်ကြီး အနုပညာရှင်တစ်ဦးလဲ ဘယ်နေ ရာမှာရောက်ရောက် ပရိသတ်တွေ ရုတ်ရုတ်သဲသဲဖြစ်စမြဲပါ။ သူတို့မှာ လူများစုရဲ့ အာရုံကို ဆွဲ ဆောင်နိုင်တဲ့ စွမ်းအား စွမ်းပကားတွေရှိတယ်။ နိုင်ငံကျော်အဆိုတော် စိုင်းထီးဆိုင်လဲပဲ အဲဒီအ တိုင်းပါပဲ။ စိုင်းထီးဆိုင်ရဲ့ မွေးရာပါဒီဇိုင်းကတော့ သူများနဲ့မတူ တစ်မူထူးခြားနေလေရဲ့။ အသံ ကောင်းသလောက် ရူပါက သိပ်မဖြောင့်တော့ သူ...